Saturday, August 30, 2008

ငါလိုအပ်သော သင်ခန်းစာ

အင်္ကျီတစ်ထည် ဖြစ်သွားသည့်အခါ ချည်မျှင်ချည်စများကို မမြင်နိုင်တော့သကဲ့သို့... ဇာတ်လမ်းတစ်ခုအဖြစ် အကွက်ဆင်လိုက်သည့်အခါ တကယ့်အဖြစ်မှန်များကို မသိကြရတော့ပေ။

ပုံပြောကောင်းသူတစ်ဦး သင့်အနားရှိနေသရွေ့ အမှန်တရားများနှင့် သင်ဝေးကွာနေပေလိမ့်မည်။ ပုံပြောကောင်းသူတစ်ဦး သင့်အကြောင်းကို ပြောနေပါက လူအများ သင့်အကြောင်း အမှန်အတိုင်း သိကြရမည်မဟုတ်ချေ။ ပုံပြောကောင်းသူတစ်ဦးနှင့် သင် အဆင်မပြေဖြစ်ပါက သင့်ဘ၀ ဦးတည်ချက်များ တိမ်းစောင်းပျောက်ပျက်ရန် အလားအလာအလွန်ကောင်းနေပေပြီ။

ပုံပြောကောင်းသူသည် အချိန်ကာလတစ်ခု စောင့်ဆိုင်းကြည့်ရှုခဲ့သော အဖြစ်အပျက်များကို တစ်နေ့တွင် ဇာတ်လမ်းလှလှတစ်ပုဒ်အဖြစ် ပြုလုပ်တင်ဆက်ပေလိမ့်မည်။ ထိုအခါ သင်မျှော်လင့်မထားသော ရလဒ်များကို သင် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်။ သင်သည် ဖြစ်ရပ်များကို နောက်ကြောင်းပြန် ခြေရာခံရာတွင် အစွမ်းအစမရှိပါက ထိုဇာတ်လမ်းဖြင့် ဖုံးအုပ်ထားသော အမှန်တရားများကို ပြန်လည်ရယူနိုင်မည်မဟုတ်ချေ။ မည်သူ မည်သည့်အချိန်တွင် မည်သို့ပြုမူမည်ကို သင်မသိနိုင်သဖြင့် အရာရာတိုင်းကို မှတ်သားထားတတ်သော အကျင့်ကောင်းတစ်ခု သင့်မှာ ရှိနေရန် လိုအပ်သည်။

သင်ကိုယ်တိုင် ပုံပြောရန် မကြိုးစားပါနှင့်..။ ပုံပြောတတ်သူများကဲ့သို့ ကုန်ကြမ်းရှာဖွေနေရခြင်း၊ ဇာတ်လမ်းဆင်နေခြင်းဖြင့် သင်၏ အဖိုးတန်အချိန်များကို ရင်းနှီးမြှုပ်နှံမည့်အစား သင် လုပ်ချင်သောအရာများ၊ သင် လုပ်ရန်ရှိသောအရာများကိုသာ တစိုက်မတ်မတ် လုပ်ပါလေ။ သင့်အတွက် ပုံပြင်၏ အဖြစ်မှန်ကို ပြန်လည်ခြေရာခံနိုင်သည့် အစွမ်းရှိရန် ပိုအရေးကြီးပါသည်။ ထို့ကြောင့် .. မေ့လျော့ပေါ့တန် မနေပဲ မှတ်တမ်းမှတ်ရာ ထားတတ်သည့် အကျင့်ကောင်းတစ်ခုကို အထူးသဖြင့် မွေးမြူပါလော့...။

Monday, July 14, 2008

Please Be Happy

You know, I'm happy.
Or, at least, I try to be happy.
Because life is too short to be unhappy.

Yeah I say life's too short.
Because.., you will never know when you are leaving.
Or.., when I am leaving this life.
Will it be tomorrow?
Why not!
No.., you can't say no.
Because you cannot know about tomorrow.

I just want to say you,
"Please be happy".
Because life is too short to be unhappy.
You might want me not to be happy
As you might think I'm the one who makes you unhappy.
No, it is not, actually.
It is "you",
You are making yourself unhappy.

So please be happy.
Life is too short to be unhappy.
Be happy before you are leaving.
Or.., before I am leaving this life.

One day we will lose each other, definitely.
Will it be tomorrow?
Yes, it could be!
(Who knows?)
I don't want you to regret
That you never show me your smile
And that you never pleased me even for a while

So, please be happy.
Because life is too short to be unhappy.

Thursday, November 8, 2007

ကဗျာမဆန်တဲ့အလွမ်း

လိုက်ရဲသူမှ သတ္တိရှိတာလား
စောင့်နေဖို့ရော အင်အားမလိုဘူးလားကွယ်
လာမလာ သေချာမသိဘဲ
ငါ .. စောင့်နေခဲ့တယ်

စောင့်နေတော့မလာ
လိုက်ရှာတော့မတွေ့
အဲဒီနေ့ ရောက်လာခဲ့ရင်..
အဲဒီနေ့ ရောက်လာခဲ့ရင်..
အဲဒီနေ့များ.. ရောက်လာခဲ့ရင်..
'မေ့' နိုင်ဖို့ခွန်အား
ပေးသနားပါကွယ်..

သေလောက်အောင် လွမ်းရဲဖို့
သေလောက်အောင် ချစ်ပြဖို့
ငါ.. မ၀ံ့တော့တဲ့တစ်နေ့
အသက်ဆက်ရှင်သန်ရဲဖို့
သတ္တိတွေလိုဦးမယ်လေ..။

Thursday, October 25, 2007

ထိုတစ္တေ

အချစ်က
တစ္ဆေတစ်ကောင်လိုပဲ..
အားငယ်ထိတ်လန့်နေတဲ့အချိန်မှာ
ကိုယ်ယောင်ထွက်ပြတယ်။

အဲဒီ မိစ္ဆာပေါ့
ပျော်ရွှင်ခြင်းတွေကို စုပ်ယူစားသုံးသွားခဲ့
ငါ... ပြိုလဲကျခဲ့တယ်။

မလွမ်းနဲ့တော့ မချစ်နဲ့တော့လို့
ငါပြောထားတိုင်း
နှလုံးသားက လိုက်နာနိုင်ရင်
ဘယ်လောက်ကောင်းမလဲ။

ဒါမှမဟုတ်ရင်လည်း
အချစ်ဆိုတာလေးတစ်ခုပဲ
သီးသန့်လက်ခံထားလို့မရဘူးလားကွယ်။
အလွမ်းတွေ၊ အဆွေးတွေ၊ ပူလောင်တဲ့အတွေးတွေ
ဘာလို့ အဖော်လိုက်လာကြတာလဲ။
ပြီးတော့ ဘာကြောင့် အချစ်ထက်ပိုပြီး
သူတို့က လူတွင်ကျယ်လုပ်နေနိုင်ကြရတာလဲ။

အခုတော့ ငါ..
အိပ်မက်ကလေးတစ်ခုမှာ
အသည်းတွေ ထပ်ထပ်ကွဲနေပြန်တယ်။

ဝမ်းနည်းတဲ့နေ့တွေ မရှိပါရစေနဲ့
အဲဒီ တစ္ဆေတစ်ကောင်ကို
ငါ… ကြောက်လွန်းလို့ပါကွယ်…။

Tuesday, September 18, 2007

Wanna be an Idiot.

Sometimes, it's better to be an idiot. Isn't it?

You don't need to worry about what is going to be happened, you don't need to think about how to manage it, and you don't need to be frightened by possible outcomes.

I wish if I didn't know anything. I don't want to be disappointed and I couldn't let myself doing wrong. I just want to look at those coming problems without any concern.

For that reason, I want myself to be an idiot.

Just for a while. Not for ever. :-)

Thursday, August 23, 2007

Love definition by my own

Love means "Waiting" for me. Because I've been waiting for him since we started falling in love. Why didn't he call me first? Why I was the one who ever start a call? I had fed up with this situation so I stopped calling.

But.. since then, I never heard his voice again. I realized I've been fooled. He cheated me, didn't he? But love can't be erased that much easily. I still keep on remembering. I thought he'd call me one day to say he loves me. So I've been waiting. I'm still waiting. Waiting even in my dreams!

Wednesday, August 22, 2007

ညီမလေး.. သို့

ညီမလေးရေ..
ငါနင့်ကို အိပ်မက်တယ်..။ နိုးလာတော့ နင့်ကိုလွမ်းတယ်၊ စိတ်ပူမိတယ်။ ဘာဖြစ်လို့များ တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့နေရာကို နင်..သွားခဲ့ပါလိမ့်။ ဘာလို့များ သွားပါ၊ သွားပါလို့ ငါကလည်း..တိုက်တွန်းမိခဲ့ပါလိမ့်။ သေချာတာတစ်ခုကတော့.. ဒါကိုမှမလုပ်လိုက်ရရင် ငါတို့စိတ်ထဲမှာ အဆာမပြေဘဲ တစ်ချိန်လုံး အခဲမကြေဖြစ်နေခဲ့ရမှာကို ငါ ကြောက်မိခဲ့တယ်။ အဓိကအကြောင်းရင်းက အဲဒါပဲ။
နင်မရှိတော့ အိပ်ရာက ပိုကျယ်လာတယ်။ နင့်အ၀တ်အစားတွေ ငါ ယူဝတ်လို့ရလာတယ်။ နင့်ကွန်ပျူတာမှာလည်း ငါအေးဆေး ထိုင်ခွင့်ရတယ်။ တယ်လီဖုန်းမအားမှာလည်း စိတ်မပူရတော့ဘူး။ ဒါပေမယ့် .. နင်ရှိနေတာလောက်တော့ ဘယ်ဟာမှမကောင်းဘူး။ နင့်ကိုပဲ ငါ ပြန်လိုချင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..။ အမှားတွေ လုပ်မိမှာကိုလည်း မကြောက်နဲ့။ ဆုံးရှုံးရမှာကိုလည်း မကြောက်နဲ့။ လူတိုင်း မှားဖူးတယ်.. အမှားကိုသိရင် အမှန်ကို ပိုပြီး ရှာဖွေတတ်လာမယ်။ အောင်မြင်သူတိုင်းလည်း ဆုံးရှုံးမှုကို ကျော်ဖြတ်ခဲ့ရတာချည်းပဲ.. ဆုံးရှုံးဖူးမှ အောင်မြင်ခြင်းရဲ့လမ်းစကို ရှာရပိုလွယ်မယ်။ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ..နော်။ မှားပြီးရင်းမှား၊ ရှုံးပြီးရင်းရှုံးမဖြစ်ရအောင်သာ ဂရုစိုက်ပေးပါ..ညီမလေးရေ။ ငါက နင့်ဘက်မှာ အမြဲရှိနေပါတယ်..။